နိုးထလာမည့် မြန်မာနိုင်ငံနှင့် ပါတ်ဝန်းကျင် နိုင်ငံများ၏ တုံ့ပြန်မှုများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရခြင်းရဲ့
နောက်ကွယ်မှာ ကြီးမားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိနေတယ်လို့
မြင်မိပေသည်..... ဘာကြောင့်လည်းဆိုတော့ စနစ်တကျ စီမံကိန်းချပြီး
မြန်မာနိုင်ငံသားများကို သတ်နေချိန်နှင့် တပြိုင်နက်တည်း လိုလိုမှာပင်
တရားဝင်သော၊ တရားမဝင်သော မြန်မာနိုင်ငံသားများအား ဖမ်းဆီးစစ်ဆေးခြင်းကို
ပြုလုပ်နေခြင်းဟာ သာမန်တိုက်ဆိုင်မှု မဟုတ်ပါ......
ထိုကဲ့သို့ပင်
မြန်မာနိုင်ငံအတွင်းတွင် ကုလား၊ ဗမာ ဖြစ်ခဲ့သည့် အဓိကရုဏ်းတိုင်းလိုလိုပင်
လောင်စာပေါ်သို့ မီးစ စတင် ချပေးခဲ့သည်မှာ ကုလားများသာ ဖြစ်ခြင်းကလည်း
အဆိုပါ သံသယကို ကြီးထွားစေပါတယ်..... နမူနာအားဖြင့် မိတ္ထီလာအရေးအခင်း
ရွှေဆိုင်တွင် ဆိုင်ပိုင်ရှင်မှ နိုင်ထက်စီးနင်း ဆက်ဆံရာမှ
စတင်ခဲ့ပေသည်..... ဥက္ကံအရေးအခင်းတွင် ဆွမ်းခံကြွလာသည့် ကိုရင်လေးအား
ဆိုင်ကယ်မှတိုက်မိ၍ ရဲစခန်းတွင် ညှိနှိုင်းပြီးချိန်မှာ ဆိုင်ကယ်ပိုင်ရှင်၏
အမျိုးရောက်လာပီး ကိုရင်လေးနှင့် ဗုဒ္ဓဘာသာအား သိမ်းကြုံးစော်ကားရာမှ
အရေးအခင်းဖြစ်ခဲ့ရသည်..... လားရှိုးတွင်လည်း မွတ်စလင် ဘာသာဝင်တစ်ဦးမှ
ရှမ်းအမျိုးသမီးတစ်ဦးအား ဓါတ်ဆီလောင်း၍ မီးရှို့ရာမှ အဓိကရုဏ်း
စတင်ခဲ့ရပေသည်.....
မလေးရှားတွင် ယခုလက်ရှိ ဖြစ်ပွားနေသည့်
မြန်မာနိုင်ငံသားများ အသတ်ခံရခြင်း၊ စနစ်တကျ စီမံကိန်းများ ချမှတ်၍
မြန်မာနိုင်ငံသား လုပ်သားများအား အရေးယူဆောင်ရွက်နေခြင်းသည်
မြန်မာပြည်တွင်းရှိ မြန်မာနိုင်ငံသားများအား ဒေါသသွေး
ပွက်ပွက်ဆူလာစေပေသည်..... ထိုသို့ မြန်မာနိုင်ငံသားများမကျေမချမ်း
ဖြစ်နေချိန်၊ တနည်းအားဖြင့် လောင်စာ ဆီ အဆင်သင့်ရှိနေချိန်တွင် မီးပွားလေး
တစ်ခုသာ အဆိုပါ လောင်စာ ဆီ အပေါ် ကျရောက်သွားပါက တဟုန်းဟုန်း
တောက်လောင်မည်မှာ အငြင်းပွားဖွယ် မရှိချေ.......
ထိုကဲ့သို့
အဓိကရုဏ်းများ မကြာခဏ ဖြစ်ပွားနေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး
အခြေအနေ တည်ငြိမ်ခြင်းမရှိမှုကို လက်ညှိုးထိုးစရာ ဖြစ်နေပေသည်.....
မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုမရှိပါက နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေပေမည်...... ၂၀၁၀ နောက်ပိုင်း
အစိုးရသစ်အပေါ်တွင် အနောက်နိုင်ငံများမှ နွေးထွေးသည့် ဆက်ဆံမှုမျိုး၊
အများမျှော်လင့်မထားသည့် အခွင့်အရေးများ လျင်မြန်စွာ ဆင်းသက်လာခြင်းနှင့်
တစ်ချိန်က သံတမန် ဆက်ဆံရေးပင် မရှိသည့် နိုင်ငံများမှ အရေးတယူ
ဆက်ဆံလာခြင်းအပေါ် ပါတ်ဝန်းကျင် နိုင်ငံများသို့ များစွာ ရိုက်ခတ်မှု
ရှိပေသည်......
အထူးသဖြင့် အာရှ၏ အိပ်ပျော်နေသည့်
ခြင်္သေ့တစ်ကောင်ဖြစ်သော မြန်မာနိုင်ငံ နိုးထလာလျင် မည်သည့်နိုင်ငံများ
စီးပွားရေး အကြီးအကျယ် ထိခိုက်သွားမည် ဆိုသည်ကို ချိန်ဆရန် လိုပေသည်.....
အထူးသဖြင့် ထားဝယ်ရေနက်စီမံကိန်း ပြီးဆုံးသွားပါက မလ္လက္ကာ ရေလက်ကြားမှ
အပင်ပန်းခံ သွားနေရသည့် ကုန်စည်အများစုသည် လျင်မြန် တိုတောင်း၍
လုံခြုံစိတ်ချရသော ထားဝယ်ဆိပ်ကမ်းမှ အများစု ဖြတ်သန်းသွားကြပေမည်.....
အာရှ၏ Gateway အသစ်တစ်ခုဟုပင် တင်စားနေကြသည့် ထားဝယ်ဆိပ်ကမ်း စီမံကိန်း
အောင်မြင်သွားပါက စီးပွားရေးနှင့် တိုင်းပြည်ဝင်ငွေ အကြီးအကျယ်ထိခိုက်မည့်
နိုင်ငံများတွင် စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ ထိပ်ဆုံးတွင်
ပါဝင်နေပေသည်.......
၂၀၁၅ တွင် အာဆီယံနိုင်ငံများအတွင်း
လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို စတင်ဆောင်ရွက်ပေတော့မည်...... ထိုအချိန်တွင်
ရေခံ မြေခံကောင်းများစွာ ရှိနေသည့် မြန်မာနိုင်ငံသည် ယနေ့လို အချိန်အခါတွင်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများစွာဖြင့်
တိုင်းပြည်အား တည်ဆောက်သွားပါက ဒေသတွင်း အခြားနိုင်ငံများအနေဖြင့်
နောက်ကောက်ကျသွားစေမည့် အလားအလာများစွာဖြင့် ရှိနေပေသည်..... ယခုလက်ရှိ
အရှေ့တောင်အာရှတွင် ခြေစွာနေသည့် နိုင်ငံများအနေဖြင့် တစ်ချိန်က
ထိပ်ဆုံးတွင် ရှိခဲ့ဖူးသည့် မြန်မာနိုင်ငံ၏ အခြေအနေအား တွေးတော၍
ထိတ်လန့်နေခြင်းနှင့် ကြိုတင်ကာကွယ်ရန် ပြင်ဆင်နေမည်ကား သံသယဖြစ်ဖွယ်
မရှိချေ......
မြန်မာနိုင်ငံ စီးပွားရေး ပွင့်လင်းလာသည်နှင့်အမျှ
မြန်မာနိုင်ငံသို့ ပြန်လည်၍ စီးဆင်းသွားမည့် လူ့စွမ်းအား
အရင်းအမြစ်များမှာလည်း မြန်မာလုပ်သားများအပေါ် မှီခိုအားထားနေရသည့် စင်္ကာပူ၊
မလေးရှားတို့ကဲ့သို့ နိုင်ငံမျိုးအတွက် အကောင်းဆုံးသော ထိုးနှက်ချက်
ဖြစ်နေပြန်သည်..... သို့ဖြစ်သည့်အတွက် ၂၀၁၅ အာဆီယံ လွတ်လပ်စွာ
ကုန်သွယ်ခွင့်စတင်ချိန်တွင် မြန်မာနိုင်ငံအား ၎င်းတို့ ဝေစုခွဲဝေ
မပေးနိုင်စေရန်အတွက် မြန်မာနိုင်ငံ စီးပွားရေး ခေါင်းထောင်မလာနိုင်စေရန်
ပြုလုပ်လာမည်များကား သံသယဖြစ်ဖွယ်မရှိချေ..... တနည်းအားဖြင့်
မြန်မာနိုင်ငံအား ပြည်တွင်းရေး မတည်ငြိမ်မှုများဖြင့် လုံးပန်းနေစေရန်
လုပ်ဆောင်လာမည် ဖြစ်ပေသည်......
သို့ဖြစ်သည့်အတွက်
မလေးရှားနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသားများ အသတ်ခံရမှု၊
မြန်မာနိုင်ငံသား လုပ်သားများအား ဖမ်းဆီးနေမှုများသည် အချိန်ကိုက်
လုပ်ဆောင်နေခြင်းပင် ဖြစ်ပေသည်..... ထိုသို့ ပြုလုပ်ခြင်းကြောင့် ခံပြင်း
နာကျဉ်းမှုဖြင့် ပြည့်နှက်နေသည့် မြန်မာနိုင်ငံသားများအား မီးစလေးတစ်ခု
အစပျိုးလိုက်သည်နှင့်ပင် တဟုန်းဟုန်းတောက်လောင်မည့် မီးတောက်များ
ဖြစ်လာပေတော့မည်...... ထိုသို့ဖြစ်လာပါက မြန်မာနိုင်ငံပြည်တွင်းရေး
မတည်ငြိမ် ဖြစ်နေသောကြောင့် ၂၀၁၅ တွင် မြန်မာနိုင်ငံ နလံထူနိုင်မည်
မဟုတ်တော့ချေ....... အထူးသဖြင့် မြန်မာနိုင်ငံ ပွင့်လင်းလာသည့်အပေါ် ၎င်းတို့
အကျိုးစီးပွား ထိခိုက်လာမည်ကို စိုးရိမ်၍ တုံ့ပြန်လာမည့် နိုင်ငံများ၏
လုပ်ရပ်အား သတိထားရှုမြင်သင့်ပေသည်.....
သို့ဖြစ်သည့်အတွက် စနစ်တကျ
စီမံထားသည့် ထောင်ခြောက် သတ်ကွင်းထဲသို့ မြန်မာနိုင်ငံ မဆင်းသက်မိစေရန်မှာ
လွန်စွာ အရေးကြီးပေသည်..... အဆိုပါ သတ်ကွင်းထဲသို့ ဝင်သွားမိပါက
အထိနာမည်မှာ လက်ရှိ အစိုးရသာမက မြန်မာနိုင်ငံ တစ်ခုလုံးနှင့်
နိုင်ငံသားများပင် ဖြစ်ပေသည်..... အဆိုပါ ပြဿနာများ၏ အကျိုးဆက်အား
မပြေလည်မခြင်း ဖြေရှင်းနေရမည်မှာ လက်ရှိအစိုးရသာမက နောင်လာမည့်
အစိုးရများတိုင် သက်ရောက်မည် ဖြစ်ပေသည်.....
ထို့ကြောင့်
ဖြစ်ပေါ်လာမည့် စီးပွားရေး အခွင့်အလမ်းများနှင့် ပါတ်ဝန်းကျင် နိုင်ငံများ၏
အကျိုးသက်ရောက်မှု၊ လွှမ်းမိုးမှုမှသည် အမျိုးသား အကျိုးစီးပွား
အားပြိုင်မှုများတွင် မြန်မာနိုင်ငံ နောက်ကောက်ကျ အထိုးမခံရစေရန်မှာ
တိုင်းသူ ပြည်သားများ၊ အုပ်ချုပ်သူ အစိုးရသမကာ အတိုက်အခံများပါ
ဝိုင်းဝန်းကြိုးပန်းမှသာ ကာကွယ်နိုင်မည် ဖြစ်ပေသည်.....
အထူးသဖြင့် နိုးထလာမည့် မြန်မာနိုင်ငံတည်းဟုသော ခြင်္သေ့အား
အင်အားကျုံလှီစေရန် ကြိုးပန်းလာမည်ကို ဝိုင်းဝန်းကာကွယ်နိုင်မှသာ
မြန်မာနိုင်ငံ၏ အနာဂါတ် သာယာလှပမည် ဖြစ်သည်ကို သတိပြုသင့်သည်ဟုသာ
အသိပေးလိုက်ရပေသည်.....
[James Mint]