Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Sunday, July 7, 2013

တရုတ် နိုင်ငံ ရွှေလီဲမြို့ရှိ ဟော်တယ် တခုတွင် "ပလောင်" တိုင်းရင်းသူတစ်ဦးအသတ်ခံရ

(4,7,2013) ရက်နေ့ တရုတ် နိုင်ငံ ရွှေလီဲမြို့ရှိ ဟော်တယ် တခုတွင် လူသတ်မှုတစ်ခု ဖြစ်ပွား ကြောင်း
သိရှိရပါသည်။ အသတ်ခံရသူမှာ အမျိုးသမီး တစ်ဦးဖြစ်ပြီး ၄င်းအသတ် ခံရသော အမျိုးသမီးမှာ "ပလောင်" တိုင်းရင်းသူဖြစ် ကြောင်း လည်း ထပ်မံ သိရှိရပါသည်။

(jkasa)

ဒိုင်က ကစားသမား တစ်ဦးကို ဓါးနဲ့ ထိုးသတ်ပြီး၊ ပရိတ်သတ်က ဒိုင်ကို ခေါင်းပြန်ဖြတ်တဲ့ ဘောလုံးပွဲ

ဘရာဇီး နိုင်ငံ အပျော်တမ်း ဘောလုံးပွဲ တစ်ပွဲတွင် ကစားသမားကို ကွင်းလယ်ဒိုင်က အသင့်ယူဆောင်လာသော ဓါးဖြင့် ထိုးသတ်ခဲ့သောကြောင့်၊ အသတ်ခံရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူ ပရိတ်သတ် တစ်ဦးက အဆိုပါ ကွင်းလယ်ဒိုင်ကို ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

မာရင်ဟာအိုရှိ Pius XII ကွင်းတွင် ယှဉ်ပြိုင် ကစားသွားခဲ့ကြသည့် အပျော်တမ်း ဘောလုံးပွဲတွင် ကွင်းလယ်ဒိုင် ဖြစ်သူက အသက်(၂၀)နှစ် အရွယ် အောက်တာဗီအို ဒါဆေးလ်ဗားအား အနီကဒ်ပြ ထုတ်ပယ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ကစားသမားက ကွင်းတွင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့သလို၊ ကွင်းလယ်ဒိုင်အား စတင် တိုက်ခိုက်ခဲ့ကြောင်း Correio24horas ကဖော်ပြသွားခဲ့သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်က အသင့်ယူဆောင် လာသော ဓါးဖြင့် ကစားသမားအား ထိုးသတ်လိုက်သည်။ ထိုအချိန်တွင် ဓါးဖြင့် အထိုးခံလိုက်ရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူများက ကွင်းတွင်းသို့ ပြေးဝင်လာပြီး ကွင်းလယ်ဒိုင်အား ခဲဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ ကြသည်။

ထိုပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်က ကွင်းလယ်ဒိုင် အသုံးပြုခဲ့သည့် ဓါးကို ကောက်ကိုင်ပြီး ကွင်းလယ်ဒိုင်၏ လည်ပင်းကို လှီးကာ ခေါင်းဖြတ်ခဲ့သည်။ အဆိုပါ ဦးခေါင်းပြတ်ကိုလည်း ဆူးချွတ်ဖြင့် ထောက်ပြီး ကွင်းတွင်း စိုက်ထူ ခဲ့သည်။ အဆိုပါ ဒေသမှ ရဲမှုးကြီးက - "မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုအရ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအားလုံးကို ဖမ်းဆီးစစ်ဆေးသွားမှာပါ" ဟု ပြောကြား သွားခဲ့ပြီး၊ ခေါင်းဖြတ်ခဲ့သည့် တရားခံဟု ယူဆရသူ တစ်ဦးကိုလည်း သိရှိထားပြီး ဖြစ်ကာ၊ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ရဲမှုးကြီးက ပြောကြားသွားခဲ့သည်။

Ref: Daily Mail
Written by အောင်ဇော်လတ်(မိုးနဲ)

Football Cafe

Miss Asia Pacific World 2013 သို့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ကျွမ်းဘားချဉ်ပီယံ ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက ပထမဦးဆုံး အကြိမ် အဖြစ် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဖိတ်ကြားခြင်း ခံရသော Miss Asia Pacific World 2013 ပြိုင်ပွဲကို (၂၀၁၃)ခ...ုနှစ်၊ မေလ(၁၇)ရက်နေ့တွင် ကျင်းပမည်ဟု စီစဉ်ထားခဲ့သော်လည်း အောက်တိုဘာလ(၃၀)ရက်နေ့ကိုရွှေ့ဆိုင်းကြောင်းကြေညာထားကြောင်း သိရသည်။

Miss Asia Pacific World 2013 တွင်မြန်မာနိုင်ငံက စတင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး Miss Asia Pacific World ပြိုင်ပွဲကို ၂၀၁၀က စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကျင်းပမည့် Miss Asia Pacific World 2013 ကို တောင်ကိုရီး ယား ဆိုးလ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း(၁၈)နိုင်ငံက ပါဝင်ယှဉ်ပြိုင် မည်ဟုသိရသည်။
ပါဝင်ယှဉ်ပြိုင်မည့် မထားထက်ထက်သည် မြန်မာ့ ကျွမ်းဘား လက်ရွေး စင်ဟောင်း တစ်ယောက်ဖြစ်ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံများတွင်ပြုလုပ်ခဲ့သည့်ဆီးဂိမ်းစ်ပြိုင်ပွဲ များသို့ လက်ရွေးစင်တစ်ဦးအဖြစ်သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၂ခုနှစ် Miss Myanmar International 2012 တွင် third runner up နှင့် Miss ရခိုင် 2012 တွင် Miss ရရှိခဲ့ကြောင်းသိရသည်။

Miss Asia Pacific world သည် Talent ယှဉ်ပြိုင်သည့်ပြိုင်ပွဲ တစ်ခုဖြစ် ကြောင်း သတင်းရရှိသည်။

27th Sea Games, Myanmar 2013

ဆိုင်ကယ်စီး လာသည့် အမျိုးသားမှ ရပ်ထားသည့် ယာဉ်အား တိုက်မိ သေဆုံးခြင်း

၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအနီးတွင် ဧရာဝဏ်လမ်း အတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သာကေတမြို့နယ်ဘက်သို့ ဆိုင်ကယ်အမှတ် ၂၇ယ/------၊ လင်ဖန်း 110 တရုတ်နိုင်ငံလုပ် ဖြူနီကြား အရောင် ဆိုင်ကယ်အား မောင်းနှင်လာသည့် အမည်မသိ ဗမာအမျိုးသား ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီကို ပြောပါတယ်။

အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု မရှိကြောင်းနဲ့ အသေအပျောက် ရှိတယ်လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာတော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)

ဗုဒ္ဓဂါယာပေါက်ကွဲမှု အကြမ်းဖက်တိုက်ခိုက်မှုဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာအရပ် မဟာဗောဓိစေတီတော်၌ တနင်္ဂနွေနေ့နံနက်၌ ဗုံး ၉လုံး ဖောက်ခွဲရန် အကြမ်းဖက်သမားများက ကြံစည်ခဲ့ပြီး ဗုံး ၄လုံးမှာ စေတီတော်အတွင်း၌ ပေါက်ကွဲခဲ့သည်ဟု Times of India သတင်းစာက ဆိုသည်။ မပေါက်ကွဲသေးသော ဗုံး ၃လုံးကို ကာမပ ဘုန်းကြီးကျောင်းအတွင်း ထောင်ထားခြင်းဖြစ်ပြီး ဥာဏ်တော်အမြင့်ပေ ၈ဝရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အနီး နောက်ထပ် ၂လုံးကိုမူ မပေါက်ခွဲခင် ဖယ်ရှားရှင်းလင်း နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
 ပေါက်ကွဲမှုမှာ နံနက် ၅နာရီခွဲနှင့် ၆နာရီအတွင်း ဖြစ်ပွားခဲ့ပြီး ခရီးသွားတိုးရစ် ၂ဦး၊ မြန်မာတစ်ဦးနှင့် တိဘက်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





အိန္ဒိယ ဗုဒ္ဓဂါယာမှာ ဗုံး ၉လုံး ပေါက်ကွဲ၊ မြန်မာနှင့် တိဗက် ရဟန်းတော်တို့ ဒဏ်ရာရ

ဒီကနေ့ မနက်က အိန္ဒိယနိုင်ငံ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှာ ဗုံး ၉ လုံးပေါက်ကွဲခဲ့တဲ့ အတွက် ရဟန်းတော် (၂) ပါး ဒဏ်ရာ ရရှိသွားတယ်လို့ PTI သတင်းကို ကိုးကားပြီး The Hidu သတင်းမှာ ရေးသား ဖေါ်ပြထားပါတယ်။ ဒီကနေ့ နံက်နက် ၅ နာရီ ၃၀ ကနေ ၅ နာရီ ၅၈ မိနစ် အတွင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More