Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်
လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )
News Post
Monday, July 15, 2013
တေးသံရှင် ဆိုတေး သေဆုံးတဲ့ သတင်း မှန်ကန်မှု မရှိ
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် မော်တော်ယာဉ်
တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေးသည် မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှု
ခံယူနေပြီး သေဆုံးသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ဆိုတေး၏
ဦးလေးဖြစ်သူက မန္တလေးဆေးရုံကြီးသို့ ရောက်ရှိနေသော The Voice သတင်းထောက်ကို
ယနေ့ည ၁၀နာရီ ၁၀ မိနစ် တွင် အတည်ပြုပြောကြားသည်။
The Voice Weekly
မီးအိမ်ရှင် ဆိုတေး၏ ကျန်းမာရေး စောင့်ကြည့်နေရဆဲ
ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံတွင် ဦးခေါင်းပိုင်းခွဲစိတ်ကုသမှု ခံယူထားရသော အဆိုတော်ဆိုတေး ၏ ကျန်းမာရေးအခြေအနေမှာ စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ယင်းဆေးရုံမှ ဆေးလှုမှုဆက်ဆံရေးဌာန တာဝန်ရှိသူတစ်ဦးက ယနေ့ည ၁၂နာရီ ၁၂ မိနစ်ခန့်က ဆိုသည်။
ခွန်စိုင်းအောင်
Popular Myanmar News Journal
ဓါတ်ပုံ - Than Naing Guitar (facebook) ဆိုတေး ကားမှောက်မှု မြင်ကွင်းဓါတ်ပုံများ။

ယာဉ်ထိန်းရဲ ဝတ်စုံဖြင့် ကခုန်ခြင်းမှာ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခြင်း မဟုတ်ဟု မင်းမင်းထွန်း ပြောကြား
ယာဉ်ထိန်းရဲ ဝတ်စုံကို ဝတ်ဆင်ကာ မိုက်ကယ်ဂျက်ဆင် အကအား ဆူးလေ လမ်းမလယ်တွင်
ကပြရိုက်ကူးခဲ့ခြင်းမှာ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း
မင်းမင်းထွန်းက ပြောကြားခဲ့သည်။ ဒါ့အပြင် ဇော်ကိုကိုကလည်း လတ်တလောတွင်
တရားစွဲဆို အရေးယူခံရခြင်း မရှိသေးကြောင်း မဇ္ဈိမ သို့ ပြောကြား ခဲ့သည်။ ---
အင်တာနက်တွင် ပျံ့နှံ့နေသလို အရေးယူခံရခြင်းမရှိသေးကြောင်း ဇော်ကိုကို ဖြေရှင်းခဲ့
ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ကာ မိုက်ကယ်ဂျက်ဆင်အကအား ဆူးလေလမ်းမလယ်တွင် ကပြရိုက်ကူးခဲ့ခြင်းမှာ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း မင်းမင်းထွန်းက ပြောကြားခဲ့သည်။ ဒါ့အပြင်ဇော်ကိုကိုကလည်း လတ်တလောတွင် တရားစွဲဆိုအရေးယူခံရခြင်းမရှိသေးကြောင်း မဇ္ဈိမ သို့ ပြောကြားခဲ့သည်။
ဇူလိုင် ၁၃ရက် နံနက် ၉ နာရီဝန်းကျင်တွင် Mango ကုမ္ပဏီတင်သွင်းသည့် ဗိုက်တာမင်စီကြော်ငြာအား ဒါရိုက်တာဇော်ကိုကိုက Life & Dance အဖွဲ့မှ မင်းမင်းထွန်း၊ Bobby Soxer၊ ရှိုင်းဝေယံ၊ M ဆိုင်းလူ၊ ဆန်းတိုးနိုင်တို့ဖြင့် ရိုက်ကူးခဲ့သည်။ ယင်းသို့ရိုက်ကူးရာတွင် မင်းမင်းထွန်းမှာ ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ကာ ဆူးလေမီးပွိုင့်အနီးတွင် မိုက်ကယ်ဂျက်ဆင်အကကို တင်ဆက်ကပြခဲ့ရာတွင် ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူများက ရိုက်ကူးမှုအပြီးတွင် လာရောက်တွေ့ဆုံရန်ပြောကြားခဲ့သည့်အတွက် သွားရောက် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
“အင်တာနက်တွေမှာ ပျံ့နှံ့နေသလို အရေးယူခံနေရတယ်။ အာမခံမရဘူးဆိုတာ မဟုတ်ဘူး။ အပြင်မှာပါပဲ။အေးအေးဆေးဆေးပါပဲ။ တရားစွဲတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ အဲဒီရိုက်ကူးတဲ့နေ့က ကျောက်တံတား ရဲစခန်းက လာခေါ်တယ်။ ရိုက်ကူးပြီးသွားတော့ ကျွန်တော်တို့သွားကြတယ်။ အဲဒီနောက်ပိုင်းကစပြီး ဘာမှထပ်ပြောကြားတာတော့ မရှိသေးပါဘူး” ဟု ဇော်ကိုကိုက မဇ္ဈိမမှဆက်သွယ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
လတ်တလောတွင် ရဲဇာနည်ဖေ့ဘွတ်၌ အဆိုပါကြော်ငြာရိုက်ကူးမှုသည် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများစည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြသူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတားရဲစခန်း(ပ) ၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀ဝ/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
မင်းမင်းထွန်းက “ဒါရိုက်တာက မိုက်ကယ်ဂျက်ဆင်အကကို ကဖို့ပြောတယ်။ ကျွန်တော့် အနေနဲ့က ဒီဝတ်စုံကိုရော၊ အကကိုပါ နှစ်သက်တဲ့အတွက် သရုပ်ဆောင်ဖြစ်တာပါ။ ဘာရည်ရွယ်ချက်မှမရှိဘူး။ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘူး။ ကျွန်တော်တို့ကြော်ငြာတဲ့ ဆေးဗိုက်တာ မင်စီက အခုလိုကားလမ်းကြောပိတ်ဆို့တာကို တာဝန်ယူရတဲ့ယာဉ်ထိန်းရဲတွေအနေနဲ့ တောင်မှ ဒီဆေးကိုသုံးပြီးတဲ့အခါမှာ လန်းဆန်း တက်ကြွပြီး ကားလမ်းကြောတွေကို ဖြေရှင်းနိုင်တာကို ပြချင်တဲ့အတွက် အခုလိုတင်ပြရတာပါ”ဟု ဆိုသည်။
ကြော်ငြာရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ကြော်ငြာရိုက်ကူး မည့်ရက်၊ ပါဝင်မည့် မင်းသား၊ မင်းသမီးတို့သာ တင်ပြရကြောင်း၊ ရိုက်ကူးပြီး ထပ်မံတင်ပြသည့်အခါမှသာ ဆင်ဆာအဖွဲ့သို့ ထပ်မံတင်ပြရသောစနစ်သာ ကျင့်သုံးလေ့ရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပန်းမြတ်ဇော်
Mizzima - News in Burmese

နန်းသီရိမောင် နှင့် မာဂျေ - ချုံခိုတိုက်ခိုက်ခံရခြင်း
ချုံခို တိုက်ခိုက်ခြင်းဆိုတာ စစ်တပ်ကသုံးတဲ့ စကားဖြစ်တယ်။ ရန်သူကို
အသာစီးရယူပြီး ချေမှုန်းဖို့အတွက် ပုန်းကွယ်ပြီး စောင့်နေတဲ့ နေရာ။
အဲဒီနေရာကနေ ရန်သူက ဘယ်နေရာကနေ ကိုယ့်ကို ဘယ်သူပစ် နေတယ်ဆို တာတောင်
မသိလိုက်ဘဲ လုံးဝ ပြုတ်ပြုတ်ပြုန်းအောင် လုပ်နိုင်တယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Sunday, July 14, 2013
ချစ်သူသက်တမ်း ငါးနှစ်အကြာ ဇူလိုင် 14မှာ လက်ထပ်မယ့် ချမ်းချမ်းနဲ့ ဘုဏ်းသိုက် တို့ စုံတွဲ
သရုပ်ဆောင် မော်ဒယ် ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ဟာ လာမယ့်
ဇူလိုင်လ 14ရက်မှာ လက်ထပ်တော့မယ်လို့သိရပါတယ်။ အဲဒီနေ့မှာ တောင်ဒဂုံက
ပိဋိကတ်နိကာယ် စာသင်တိုက်မှာ ဗုဒ္ဒဘာသာ မင်္ဂလာဆွမ်းကျွေးကို
ပြုလုပ်မှာဖြစ်ပြီး 17ရက်မှာတော့ စိန့်မေရီ ကသီဒြယ် ခရစ္စယာန်
ဘုရားကျောင်းမှာ ညစာစားပွဲကျင်းပမှာပါ။ ချစ်သူသက်တမ်း ငါးနှစ်လောက်ကြာအောင်
လက်တွဲပြီး ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ကြလို့ ဘာသာမတူပေမယ့်
တစ်ဦးနဲ့တစ်ဦးနားလည်မှုနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မယ်လို့
ယုံကြည်ပါတယ်။
သိမ်မွေ့
ဓါတ်ပုံ ပြည်ဟန်( color max)
Sunday Journal
သိမ်မွေ့
ဓါတ်ပုံ ပြည်ဟန်( color max)
Sunday Journal
မျက်လုံးလေး ကလယ်ကလယ် ဇာတ်ကားမျိုး နောက်ထပ် မရိုက်တော့ ဘူးဆိုတဲ့ နေတိုး
ပရိသတ်များကြားတွင် ဝေဖန်စရာ အဖြစ် ထွက်ပေါ်လာခဲ့သော မျက်လုံးလေး ကလယ်ကလယ်
ကဲ့သို့ ဇာတ်ကားမျိုးကို ထပ်မံရိုက်ကူး ရန်မရှိကြောင်း အကယ်ဒမီ နေတိုးက
ပြည်မြန်မာနှင့် တွေ့ ဆုံစဉ် ပြောကြားသည်။
ကားတိမ်းမှောက် တေးသံရှင် ဆိုတေး ဒဏ်ရာရ ၊ ဇနီး သေဆုံး
ဇူလိုင် (၁၄)
တေးသံရှင် ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁ သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဆိုတေး ပါဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။
ကားပေါ်မှာ လူလေးဦး လိုက်ပါလာပြီး ကျန်အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာ ဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေး ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။
The Modern News Journal

- 
- See more at: http://4wadi.blogspot.com/2013/06/test_8.html#sthash.x5kXvZwl.dpuf