Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်
လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )
News Post
Saturday, July 27, 2013
ဌာနေ ပြန်ချင်တဲ့ မလေးရှားရောက် မြန်မာတွေ အခက်တွေ့နေ
မလေးရှားနိုင်ငံမှာ မြန်မာ အလုပ်သမား တခိျု့ အကြမ်းဖက်
တိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးသူ ဒဏ်ရာရသူတွေ ရှိနေတဲ့အတွက်
စိုးရိမ်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ လုပ်နေကြသူ အလုပ်သမားတွေအနေနဲ့
အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မလေးရှားမှာ တရားမဝင် အလုပ်လုပ်နေသူ
မြန်မာ အလုပ်သမားတွေဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ အတွက် မလေးရှား လူဝင်မှု
ကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ မှာ ဒဏ်ငွေ ဆောင်ရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
| မလေးရှားကနေ ပြန်လာတဲ့ မြန်မာ အလုပ်သမားပေါင်း ၃ထောင်နီးပါး ရှိ |
Wednesday, July 24, 2013
ဒေါ်ခင်ကြည် သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း ဇနီး

ဒေါ်ခင်ကြည်သို့မဟုတ်ဗိုလ်ချုပ်အောင်ဆန်းဇနီးဗိုလ်ချုပ်ကအကြည်ရေဟုခေါ်သောဒေါ်ခင်ကြည်အားအဖဦး
ဗိုလ်ငြိမ်းအမိဒေါ်ဖွားစုတို့မှ၁၉၁၂ခုနှစ်တွင် မြောင်းမြမြို့ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပါသည်။
ဒေါ်ခင်ကြည်သည်AllFemalABMHighSchool(ယခုအထက(၁)ကြည့်မြင်တိုင်)မှသူနာပြု
ဒီပလိုမာအောင်မြင်ခဲ့ပါသည်။နိုင်ငံ့တာဝန်ထမ်းရွက်မှုဒေါ်ခင်ကြည်သည်ခင်ပွန်းဖြစ်သူဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့အမျိုးသားခေါင်းဆောင်အဖြစ်မထင်ရှားခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏သြဇာအကြီးဆုံးအမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇မှ၁၉၅၂အထိလွှတ်တော်အမတ် ဖြစ်ခဲ့သည်။၁၉၅၀ခုနှစ်များတွင် မြန်မာအမျိုးသမီးများအသင်း
ဥက္ကဌဖြစ်ခဲ့သည်။အခြားသောလူမူအဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ၁၉၆၀-ခုနှစ်တွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။နီပေါနိုင်ငံသံအမတ်အဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏စွမ်းဆောင်မူကို မြန်မာနိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသောအားဖြင့်မဟာသီရိသုဓမ္မဘွဲ့ကိုချီးမြင့်ခဲ့သည်။မိသားစုဘဝဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံတက်ရောက်ကုသရင်းအကြီးတန်းသူနာပြုဆရာမ
ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီးချစ်ကျွမ်းဝင်ခဲ့သည်။
၁၉၄၂ခုနှစ်၊စက်တင်ဘာလ(၆)ရက်နေ့တွင်
ဒေါ်ခင်ကြည်သည်ဗိုလ်ချုပ်အောင်ဆန်းနှင့်လက်ထပ်ခဲ့ပြီးနောက်ပိုင်းသား(၂)ယောက်၊ သမီး(၁)ယောက်မွေးဖွားခဲ့သည်။သားကြီးမှာအောင်ဆန်းဦး၊သမီးမှာ
အောင်ဆန်းစုကြည်ဖြစ်ပြီး အောင်ဆန်းလင်းမှာငယ်စဉ်ကပင် ရေနစ်၍ဆုံးပါးခဲ့သည်။
ဘဝနိဂုံးဒေါ်ခင်ကြည်သည်မတ်လ၂၈ရက်၁၉၈၈ခုနှစ်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသောလည်း၊ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့်ဒီမိုကရေစီ တိုက်ပွဲဆင်နွဲနေကြသောအဖြစ်အပျက်များကို ကောင်းစွာသိရှိခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါလွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။သူ၏ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊၂၇ရက်ဒီဇင်ဘာလ၁၉၈၈ခုနှစ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးတွင်သဂြိုဟ်ခဲ့သည်။ထိုနေရာတွင်
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့်စုဖုရားလတ်နှင့်ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။
5 တန်းနဲ့ပြိုင် ဘယ်သူနိုင်မှာ အရုပ်မလေးသရွယ်ချစ်စဖွယ် အပြုံးလေးနဲ့ယှဉ်ပြိုင်မယ့် Actress Mone
ဒီတစ်ခါ
၅တန်းနဲ့ပြိုင် ဘယ်သူနိုင် အစီအစဉ်မှာ ပါဝင်ဖြေဆိုမယ့် ကျောင်းသူလေးကတော့
Happy Beach ဟာသဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မုဏ်း
ပဲဖြစ်ပါတယ်။ကျောင်းသူလေးမု ဏ်းကတော့
သချာင်္တွက်ရတာကို စိတ်ဝင်စားတဲ့သူလေးပါ။ ငါးတန်းကလေးလေးတွေကရော သူမကို
ဘယ်လိုကူညီဖြေဆိုပေးမလဲ ၊ သူမရော ၄ သိန်းတန် Jack pot
မေးခွန်းကိုဖြေဆိုနိုင်မလား ဆိုတာကိုတော့ Channel 7 ပရိသတ်ကြီးက (၂၄.၇.၂၀၁၃) ညနေ ၆း၀၀ ၊ နံနက် ၁၁း၀၀ အချိန်များမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါ ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။






















- 
- See more at: http://4wadi.blogspot.com/2013/06/test_8.html#sthash.x5kXvZwl.dpuf