Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Monday, July 15, 2013

တေးသံရှင် ဆိုတေး စီးနင်းလာသည့် KIA မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်

တေးသံရှင် ဆိုတေး စီးနင်းလာသည့် KIA မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်မနေ့က နံနက် ၁၁ နာရီခွဲခန့်က အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် ရန်ကုန်မှ -မန္တလေးသို့ မောင်းနှင်သွားသော တေးသံရှင် အဆိုတော် ဆိုတေး တောင်သာ မြို့သို့ ပွဲဆိုဖို့ သွားစဉ် ကားဘီးပေါက်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံး သွားကြောင်း သတင်းရရှိသည်။ မိုင်တိုင် ၂၉၁/၃တွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးပေါက်ကာ ကားမှာ လမ်းဘေးဝယ် ယာသို့ နှစ်ပတ်သုံးပတ် လည်၍ကျသွားခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် အပါအ၀င် ဆိုတေး(ခ)အောင် သက်ပိုင်(၂၃)နှစ်၊ မချောချော(ခ)၀င်းဂရိသူ(၂၂)နှစ်၊ မစံပယ်မွန်(၁၈)နှစ်တို့ပါရှိပြီး မချောချော(ခ)မ၀င်းဂရိသူမှာ မိတ္တီလာ ဆေးရုံသို့ ပို့ဆောင် ကုသစဉ် သေဆုံး သွားကြောင်း သိရပြီး မစံပယ်မွန်မှာ ပွန်းပဲ့ ဒဏ်ရာသာရရှိပြီး ပြင်ပလူနာအဖြစ် ဆေးကုသလျှက် ရှိပြီး ဆိုတေးနှင့် ယာဉ်မောင်း သန်းဝင်းလှိုင်မှာ စိုးရိမ်ရသည့် အခြေနေ ရှိကြောင်း သိရသည်။ ယာဉ်မောင်း သန်းဝင်လှိုင်မှာ သတိရ လာပြီ ဖြစ်သော်လည်း တေးသံရှင် ဆိုတေးမှာ မနေ့က ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း သိရသည် ။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်း သန်းဝင်းလှိုင်အား သီးကုန်းရဲစခန်းမှ ပုဒ်မ ၃၀၄-က/၃၈၈ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

'အဆိုတော်ဆိုတေး' အသက်အန္တရာယ် စိုးရိမ်စရာ မလိုတော့ကြောင်း ဖခင်ဖြစ်သူ ပြောကြား

'အဆိုတော်ဆိုတေး' အသက်အန္တရာယ် စိုးရိမ်စရာ မလိုတော့ကြောင်း ဖခင်ဖြစ်သူ ပြောကြား

Sunday Journal | Monday, July 15, 2013.

ဒီနေ့မနက်ပိုင်း (15.7.2013)ရက်မှာနောက်ဆုံးရရှိတဲ့ သတင်းများအရ အဆိုတော် ဆိုတေးဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း သူ၏ ဖခင်ပြောကြားချက်အရ သိရပါတယ်။

"အားလုံးအခြေအနေကောင်းသွားပြီလို့ ဆရာဝန်ကြီးတွေက ပြောပါတယ်။ ခေါင်းကိုပြင်းပြင်းထန်ထန် ထိထားတာရယ်။ ဆေးအရှိန်တွေရယ်ကြောင့် သတိရဖို့တော့ နည်းနည်းကြာမယ်လို့ ပြောပါတယ်။

ဆရာဝန်တွေကလည်း တောက်လျှောက်စောင့်ကြည့်နေကြ ပါတယ်။ မန္တလေး ဆေးရုံကြီးမှာလည်း သားရဲ့ ပရိသတ်တွေက စိုးရိမ်တကြီးနဲ့ လာပြီးကြည့်ကြ၊ သတင်းတွေမေးကြပါတယ်။ အနယ်နယ် အရပ်ရပ် က ပရိသတ်တွေကလည်း ဖေ့စ်ဘွတ်ပေါ်က သတင်းတွေကြားပြီး အိမ်ကို ဖုန်းဆက်မေးကြတယ်။ စိုးရိမ်ကြ၊ သတင်းမေးကြတဲ့ သူတွေအားလုံးကို သားကိုယ်စား ကျေးဇူးတင်ပါတယ်" လို့ ဆိုတေး၏ ဖခင်ဖြစ်သူ ဦးတင်မြင့်က ဒီနေ့မနက်ပိုင်း ၁၁နာရီ ၃၀ မိနစ်က Sunday ဂျာနယ်ကို ပြောကြားခဲ့ပါတယ်။



Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More