Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Wednesday, July 24, 2013

Thet Mon Myint Birthday Celebration





                                        Thet Mon Myint Birthday Photos

ဒေါ်ခင်ကြည် သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း ဇနီး

ဒေါ်ခင်ကြည် သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း ဇနီး

ဗိုလ်ချုပ်က အကြည်ရေဟုခေါ်သော ဒေါ်ခင်ကြည်အား အဖဦးဗိုလ်ငြိမ်း အမိဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ်တွင် မြောင်းမြမြို့ ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပါသည်။ ဒေါ်ခင်ကြည်သည် All Femal ABM High School (ယခု အထက (၁) ကြည့်မြင်တိုင်)မှ သူနာပြုဒီပလိုမာအောင်မြင်ခဲ့ပါသည်။
နိုင်ငံ့တာဝန်ထမ်းရွက်မှု

ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ အမျိုးသားခေါင်းဆောင်အဖြစ် မထင်ရှားခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ သြဇာအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇ မှ ၁၉၅၂ အထိလွှတ်တော်အမတ် ဖြစ်ခဲ့သည်။ ၁၉၅၀ ခုနှစ်များတွင် မြန်မာအမျိုးသမီးများအသင်းဥက္ကဌဖြစ်ခဲ့သည်။ အခြားသော လူမူအဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ၁၉၆၀-ခုနှစ် တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။ နီပေါနိုင်ငံသံအမတ်အဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ စွမ်းဆောင်မူကို မြန်မာနိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မဘွဲ့ကို ချီးမြင့်ခဲ့သည်။
မိသားစုဘဝ

ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံတက်ရောက်ကုသရင်း အကြီးတန်း သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား (၂)ယောက်၊ သမီး (၁)ယောက်မွေးဖွားခဲ့သည်။ သားကြီးမှာအောင်ဆန်းဦး၊ သမီးမှာ အောင်ဆန်းစုကြည်ဖြစ်ပြီး အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်၍ ဆုံးပါးခဲ့သည်။
ဘဝနိဂုံး

ဒေါ်ခင်ကြည်သည် မတ်လ ၂၈ရက် ၁၉၈၈ ခုနှစ်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသောလည်း၊ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွဲနေကြသော အဖြစ်အပျက်များကို ကောင်းစွာ သိရှိခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါ လွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။ သူ၏ ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊ ၂၇ ရက် ဒီဇင်ဘာလ ၁၉၈၈ ခုနှစ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး တွင်သဂြိုဟ်ခဲ့သည်။ ထိုနေရာတွင်ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။

Ko Ye

ဒေါ်ခင်ကြည်သို့မဟုတ်ဗိုလ်ချုပ်အောင်ဆန်းဇနီးဗိုလ်ချုပ်ကအကြည်ရေဟုခေါ်သောဒေါ်ခင်ကြည်အားအဖဦး
ဗိုလ်ငြိမ်းအမိဒေါ်ဖွားစုတို့မှ၁၉၁၂ခုနှစ်တွင် မြောင်းမြမြို့ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပါသည်။
ဒေါ်ခင်ကြည်သည်AllFemalABMHighSchool(ယခုအထက(၁)ကြည့်မြင်တိုင်)မှသူနာပြု
ဒီပလိုမာအောင်မြင်ခဲ့ပါသည်။နိုင်ငံ့တာဝန်ထမ်းရွက်မှုဒေါ်ခင်ကြည်သည်ခင်ပွန်းဖြစ်သူဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့အမျိုးသားခေါင်းဆောင်အဖြစ်မထင်ရှားခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏သြဇာအကြီးဆုံးအမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇မှ၁၉၅၂အထိလွှတ်တော်အမတ် ဖြစ်ခဲ့သည်။၁၉၅၀ခုနှစ်များတွင် မြန်မာအမျိုးသမီးများအသင်း
ဥက္ကဌဖြစ်ခဲ့သည်။အခြားသောလူမူအဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ၁၉၆၀-ခုနှစ်တွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။နီပေါနိုင်ငံသံအမတ်အဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏စွမ်းဆောင်မူကို မြန်မာနိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသောအားဖြင့်မဟာသီရိသုဓမ္မဘွဲ့ကိုချီးမြင့်ခဲ့သည်။မိသားစုဘဝဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံတက်ရောက်ကုသရင်းအကြီးတန်းသူနာပြုဆရာမ
ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီးချစ်ကျွမ်းဝင်ခဲ့သည်။
                  ၁၉၄၂ခုနှစ်၊စက်တင်ဘာလ(၆)ရက်နေ့တွင်
        ဒေါ်ခင်ကြည်သည်ဗိုလ်ချုပ်အောင်ဆန်းနှင့်လက်ထပ်ခဲ့ပြီးနောက်ပိုင်းသား(၂)ယောက်၊ သမီး(၁)ယောက်မွေးဖွားခဲ့သည်။သားကြီးမှာအောင်ဆန်းဦး၊သမီးမှာ
အောင်ဆန်းစုကြည်ဖြစ်ပြီး အောင်ဆန်းလင်းမှာငယ်စဉ်ကပင် ရေနစ်၍ဆုံးပါးခဲ့သည်။
ဘဝနိဂုံးဒေါ်ခင်ကြည်သည်မတ်လ၂၈ရက်၁၉၈၈ခုနှစ်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသောလည်း၊ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့်ဒီမိုကရေစီ တိုက်ပွဲဆင်နွဲနေကြသောအဖြစ်အပျက်များကို ကောင်းစွာသိရှိခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါလွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။သူ၏ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊၂၇ရက်ဒီဇင်ဘာလ၁၉၈၈ခုနှစ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးတွင်သဂြိုဟ်ခဲ့သည်။ထိုနေရာတွင်
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့်စုဖုရားလတ်နှင့်ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။

actresss mone



@ Shooting...!!

Photo: ♥ @ Shooting...!! ♥




Photo: ♥ changed Hair Color & Hair Style...!! ♥
☆ How???... ☆


Photo: <3 Good Night; Choco Dreams, My Buddies.
Luv ya all; muah :* <3

actress Mone all of photo :D (1)

5 တန်းနဲ့ပြိုင် ဘယ်သူနိုင်မှာ အရုပ်မလေးသရွယ်ချစ်စဖွယ် အပြုံးလေးနဲ့ယှဉ်ပြိုင်မယ့် Actress Mone

ဒီတစ်ခါ ၅တန်းနဲ့ပြိုင် ဘယ်သူနိုင် အစီအစဉ်မှာ ပါဝင်ဖြေဆိုမယ့် ကျောင်းသူလေးကတော့ Happy Beach ဟာသဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မုဏ်း ပဲဖြစ်ပါတယ်။ကျောင်းသူလေးမုဏ်းကတော့ သချာင်္တွက်ရတာကို စိတ်ဝင်စားတဲ့သူလေးပါ။ ငါးတန်းကလေးလေးတွေကရော သူမကို ဘယ်လိုကူညီဖြေဆိုပေးမလဲ ၊ သူမရော ၄ သိန်းတန် Jack pot မေးခွန်းကိုဖြေဆိုနိုင်မလား ဆိုတာကိုတော့ Channel 7 ပရိသတ်ကြီးက (၂၄.၇.၂၀၁၃) ညနေ ၆း၀၀ ၊ နံနက် ၁၁း၀၀ အချိန်များမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Sunday, July 21, 2013

မိမိသာ အဆိုတော်ဆိုတေး၏ တရားဝင်ဇနီး ဖြစ်သည်ဟု မချိုချို ပြောဆို

မိမိသာ အဆိုတော်ဆိုတေး၏ တရားဝင်ဇနီး ဖြစ်သည်ဟု မြန်မာ သတင်းထောက်များ အားလုံးရှေ့တွင် ၀န်ခံရင်း သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည့် မချိုချိုအား တွေ့ရစဉ် - The First Media Group

အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့ သက်သေ အထောက်အထား များ အရ တရားစွဲဆို သွားမည်ဟု မချိုချိုမှ မြန်မာနိုင်ငံ သတင်းထောက်များ ကွန်ရက်ရုံးခန်းတွင် ၂၀-၇-၂၀၁၃ နေ့လယ် ၁၁ နာရီတွင် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပခဲ့သည်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ်ဇာတ်အဖွဲ့နဲ့အတူ သီချင်းသီဆိုရန် ထွက်ခွာသွားတဲ့ အဆိုတော်ဆိုတေး၊ ဇနီးဖြစ်သူမချောချောနှင့် ယာဉ်မောင်း၊ မိတ်ဆွေအမျိုးသမီးတစ်ဦးတို့ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဇနီးဖြစ်သူ မချောချော ပွဲချင်းပြီးသေဆုံးသွားသလို အဆိုတော်ဆိုတေးဟာလည်း မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရဆဲအချိန်မှာပဲ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ မိမိရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်ဆိုတေးအား ထိုင်းနိုင်ငံကို ခေါ်ဆောင်ကုသပေးမည်ဟူသည့် သတင်းများ ကျယ်ကျယ်ပြန့် ပြန့်ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြန်မာ့အလင်းသတင်းစာ ဇူလိုင် ၁၉ ရက်နေ့ထုတ်မှာတော့ အဆိုတော်ဆိုတေးရဲ့ မိဘညီအစ်ကိုမောင်နှမများရဲ့ ဖြေရှင်းချက်လို့အမည်တပ်ထားတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်လာပါတယ်။

ကွယ်လွန်သွားရှာတဲ့ မချောချော (ခ) မ၀င့်ကုဋေသူဟာ ကျွန်တော်ဦးတင်မြင့်ရဲ့သား ဆိုတေး၏ဇနီးဖြစ်ပါကြောင်း၊ ၁၆-၁၁-၂၀၁၂ နေ့တွင် နှစ်ဖက်မိဘများနှင့် သထုံခရုင်တရားသူကြီး ဒေါ်အေးအေးသင်းတို့၏ရှေ့မှောက်မှာ နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး အကြင်လင်မယားအရာရောက်ခဲ့ပြီးဖြစ်ကြောင်း စသဖြင့် ကြေညာချက်ထွက်ပေါ်ပြီးနောက်တစ်ရက်မှာပဲ အဆိုတော်ဆိုတေးဟာ မိမိရဲ့ခင်ပွန်းဖြစ်ကြောင်း ၂၀-၇-၂၀၁၃ ရက်နေ့ စနေနေ့ နေ့လယ် ၁၁ နာရီမှာ ကာယကံရှင် စီဆူဒါးထိုင်းမိုင် (ခ) မချိုချိုက မြန်မာနိုင်ငံသတင်းထောက်များကွန်ရက် ရုံးခန်းမှာ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

မီဒီယာအများအပြား၊ သတင်းထောက်အများအပြားတက်ရောက်လာတဲ့ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မချိုချိုက
''အခုလို စာနယ်ဇင်းသတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရတဲ့အကြောင်းအရင်းကတော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ကစပြီး မိမိနှင့်အဆိုတော် ဆိုတေးတို့ဟာ အကြင်လင်မယားအဖြစ် အတူတူပေါင်းသင်းနေခဲ့ကြကြောင်း အဆိုတော်ဆိုတေး သတိမရသေးတဲ့အချိန်မှာ မိမိဟာ အဆိုတော်ဆိုတေးနဲ့ မပတ်သက်ကြောင်း ထုတ်ပြန်ကြေညာလာတဲ့အတွက် မိမိအနေနဲ့ ဂုဏ်သိက္ခာထိခိုက်ခဲ့ကြောင်း၊ မိမိအနေနဲ့ သက်သေအထောက်အထားပြစရာ အများကြီးရှိကြောင်းနဲ့ အသိ သက်သေတွေလည်းရှိပါကြောင်း တကယ်လို့ အဆိုတော်ဆိုတေး သတိပြန်ရ လာတဲ့အချိန်မှာ မိမိကိုသူ့ဇနီးအဖြစ် လက်ခံ၊ မခံဆိုတာ တိကျတဲ့အဖြေ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ အကယ်ရွေ့ အဆိုတော်ဆိုတေးမှ မိမိအား ၄င်း၏ဇနီးအဖြစ် လက်မခံ၊ ငြင်းပယ်ခဲ့မယ်ဆိုရင်ဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တင်ပြကာ တရားစွဲဆိုသွားမှာဖြစ်ကြောင်း တက်ရောက်လာကြတဲ့ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဘယ်သတင်းဟာ အမှန်အမှားဆိုတာနဲ့ ဘယ်ဇနီးဟာ မိမိရဲ့တရားဝင်ဇနီးဖြစ်ကြောင်း အတည်ပြုပေးနိုင်မယ့် ကာယကံရှင်ဖြစ်သူ အဆိုတော်ဆိုတေးကတော့ ယခုအခါ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သတိပြန်လည်ရရှိလာစေဖို့အတွက် သက်ဆိုင်ရာဆရာဝန်ကြီးများ၊ မိသားစုများက အပူတပြင်း ဂရုစိုက်ဆေးဝါးကုသနေကြောင်းသိရှိရတဲ့အတွက် ဘယ်သတင်းအမှန်၊ အမှားနဲ့ ဘယ်သူဟာ တရားဝင်ဇနီးအစစ်အမှန်ဆိုတာကို အဆိုတော်ဆိုတေးမှာအပ ဘယ်သူမှသိနိုင်မှာမဟုတ်ကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲကိုတက်ရောက်လာတဲ့ သတင်းထောက်များက မှတ်ချက်ပြုခဲ့ကြကြောင်း သိရှိရပါတယ်။
The First Media Group

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More